ခရီးသွားတဲ့အခါ ဘာတွေကိုစားသောက်သင့်သလဲ?

How we should plan on food during the hike…

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ စိမ်းစိုလှပ နေ သော တောင်တန်းများ၊ လူတွေ ရဲ့ စိတ်ဖိစီးမှုတွေကို အဝေးဆုံးရောက်အောင် မောင်းထုတ်ပေးနိုင်သော သဘာဝ ကမ်းခြေများ၊ တောတောင်ရေမြေ သဘာဝရှုခင်းများ ဆီသို့ သွားရောက် ကြည့်ရှု့ဖို့ အတွက် လူတွေဟာ ခရီးသွားခြင်းအမှု ကိုပြုလုပ်လေ့ရှိကြပါသည်။ ခရီးသွားတဲ့အခါ မှာလည်း ကိုယ် နဲ့ တပါတည်းယူဆောင်သွားရမဲ့ လိုအပ်တဲ့ ပစ္စည်းများ၊ ၀တ်ဆင်ရမည့် အ၀တ်အစား၊ ဖိနပ် ၊ ဦးထုပ်နှင့် ကျောပိုးအိတ်များ စသည့် လူ့အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ဝယ်ယူကြရသလို စားသောက်ရမည့် အစားအသောက်များကိုလည်းပြင်ဆင်ရွေးချယ်စားသောက်ကြရမှာဖြစ်ပါသည်။

ထို့သို့ ရွေးချယ်မှုများပြုလုပ်နိုင်ဖို့အတွက် မည်သည့်ပစ္စည်း မည်ကဲ့သို့ အသုံးဝင်သည်ကိုလည်း သိထားရန်လိုအပ်သလို၊ အစားအသောက်ဆိုလျှင် မည်သည့်အစားအစာများက မိမိ၏ကိုယ် ခန္ဓာအတွက် အာဟာရကို မည်ကဲ့သို့ဖြည့်ဆည်းပေးသည်ဆိုတာမျိုး ၊ အထူးသဖြင့် ခရီးသွားရာ မှာ စားသောက်ရမည့် အစားစာရှိသလို၊ ရှောင်ကြဉ်ရမည့် အစားအစာနှင့်အကြောင်းအရာများကိုပါ သိထားလျှင် မိမိတို့အတွက် ပို၍ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါသည်။

 

အစားအသောက်များရွေးချယ်ပုံ

လူတို့သည် မည်သည့်အလုပ်မျိုးကို လုပ်ကိုင်ကြပါစေ မိမိတို့ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်းဓါတ်၊ ကယ်လ်ဆီယမ်ကာဗွန်ဟိုက်ဒရိတ်ဓါတ်၊ ဖိုင်ဘာဓါတ် စသည့် အာဟာရဓါတ်များရရှိနိုင်ရန်အတွက်  အကျိုးရှိမည့် အစားစာများကို ရွေးချယ်စားသောက်ကြရမှာအသေအခြာပင်ဖြစ်သည်။

ဤကဲ့သို့စားသောက်ရာတွင် မိမိတို့၏ နေအိမ်၊ ရုံးခန်း၊ အလုပ်ရုံ၊၊ ကျောင်းစသည့်နေရာများတွင့် ပုံမှန်

စားသောက်နေခြင်းရှိသလို ထို့နည်းတူစွာ ပုံမှန်မဟုတ်သည့် ခရီးသွားမည့်အခါများတွင်လည်း မိမိတို့၏အစားသောက်များကို ရွေးချယ် စားသောက်ကြရမည်ဖြစ်ပါသည်။

 

အသားဓါတ်ရရှိနိုင်သည့်အစားအစာ။

 

ဒီလိုဆိုရင် မည်သည့်အစားစာများက သင့်တော်တဲ့ အစားအစာဖြစ်တယ်ဆိုတာ သိဖို့လိုအပ်လာပါပြီ။ အသားဓါတ်များသည့်အစားစာများကို ရွေးချယ်ကြရာတွင် ကြက်သား၊ အမဲသား၊ ဆိတ်သား နှင့် ငါး တို့ကို ရွေးချယ်စားသောက်ရမည်ဖြစ်သည်။ ထို့ပြင် ကြက်ဥ၊ ပဲနီ၊ ဒိန်ခဲ၊ ဒိန်ချဉ် စသည့် အစာများကိုလည်းစားသုံးသင့်ပါသည်။ အစာစားရာတွင်လည်း တစ်ကြိမ်တည်းနဲ့ အများကြီးစားခြင်းမျိုးကို မပြုလုပ်ဘဲ  နည်းနည်းနှင့်  အကြိမ်များများ စားပေးရပါမယ်။ သို့မှသာ အစာချေဖျက်နူန်း လွယ်ကူ၍ ကျန်းမာရေးအတွက် ကောင်းမွန်စေမှာဖြစ်ပြီး လမ်းခရီးတလျောက်အတွက်လည်းအဆင်ပြေစေမှာ ဖြစ်ပါသည်။

 

ကာဗွန်ဟိုက်ဒရိတ်ဓါတ်ပါသောအစားစာ။

ပဲမျိုးစုံ၊ မြေပဲ၊ သီဟိုဠ်စေ့၊ အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး အစရှိသည့် အစားအစာများကို

များများစားသုံးပေးရမည် ဖြစ်သည်။

 

ရေ။

 

လူတိုင်း ရေများများသောက်ပေးရပါမည်။ ချွေးထွက်များသူဖြစ်ပါက လိုအပ်လျှင် ဓါတ်ဆားရေ သောက်ပေးရပါမည်။

 

ရှောင်ကြဉ်ရမည့်အစားစာများ။

အချို့သောသူများသည် ခရီးသွားရာတွင် အချဉ်၊ လက်ဖက်၊ အကြော်(သို့မဟုတ်)အကြော်စုံ စသည့်အရာများကို စားချင်ကြသည်။ အကြော်ဆိုသည်မှာ ဆီများများဖြင့် ကြော်ထားသောကြောင့် အဆီဓါတ်များသည့် အစားစာဖြစ်သည်။ ထို့ကြောင့် ခရီးသွားသည့်အခါမျိုးတွင် အဆီဓါတ်များသော အစားအစာများကို စားသုံးရန်မသင့်သောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။

မှတ်ချက် ။      ။  ၀က်သားသည်လည်း အဆီဓါတ်များသောကြောင့် ရှောင်သင့်ပါသည်။       အသင့်စားခေါက်ဆွဲထုပ်များ(Instant Noodle) ပြုတ်စားခြင်းကိုလည်း ရှောင်ကြဉ်ရမည်။ အဘယ့်ကြောင့် ဆိုသော် ခေါက်ဆွဲထုပ်များသည် ဗိုက်ပွစေပြီး ဓါတုဗေဒပါဝင်သည့် အစာများဖြစ်သောကြောင့် လူကိုအကျိုးမပြုဘဲ အန္တရာယ်ဖြစ်စေတတ်သောကြောင့် (လုံးဝ)ရှောင်ကြဉ်ရမည်ဖြစ်သည်။ • ငရုတ်သီးပါပြီး အပူ၊ အစပ်များသော အစားစာများ၊  Fast food, Carbonated Drink (Eg: Coca Cola, Sunkist)

နွားနို့ နှင့် Ready-made Juice အစရှိသည်အစားအသောက်များကိုလည်း ရှောင်ကြဉ်ရမည်။

 

FOOD#HIKE#TREK#TRAVEL#ADVENTURE#MYANMAR#SNOWMOUNTAIN#RAZI#HEALTHYFOOD